အယူတော်မင်္ဂလာ အမတ်ကြီိးဦးနိုး ၏ တဘောင်

ကျမကြားခဲ့ဖူးတဲ့ အယူတော်မင်္ဂလာ အမတ်ကြီးဦးနိုးရဲ့ တဘောင်ပါ။ မှတ်မိသမျှရေးလိုက်တာမို့ မမှန်ရင်လည်း ပြင်ပေးကြပါ။ အဲသည် အယူတော်မင်္ဂလာကို အဓိပ္ပါယ်ကောင်းးကောင်းမဖွင့်တတ်ပေမဲ့ `သာသနာမောင်းရှေ့ကဆော် ဒေါင်းတွေကအော်´ ဆိုတဲ့ စာပိုဒ်ကလေးနဲ့ `ဇာနည်ကြက်မသူတွန်လျှင် ဇမ္ပူတခွင်လင်းလို့မဆုံး´ဆိုတဲ့ စာပိုဒ် ကလေးကိုကြိုက်လို့ ပိုစ့်တင်လိုက်တာပါ။

အယူတော်မင်္ဂလာ အမတ်ကြီိးဦးနိုး ၏ တဘောင်

တပင်တိုင် ခ၀ါချပြီမို့

နာကြတဲ့ အသီးတွေ

တွန့်လို့သာကြေ

အသီးတွေကြေ နာရီတွေ ဘယ်လိုပြောင်းပေမဲ့

သာသနာမောင်း ရှေ့ကဆော်

ဒေါင်းတွေကအော်

ဒေါင်းအော်လျှင်မနေသာ

သူလာပါလိမ့်လေး

ခြင်္သေ့မင်းက တန်ခိုးကြွယ်

တိုးလို့ကွယ်ပျက်လိမ့်အုံး

ဂူပုန်းတဲ့ ခင်ကြီးပျော်တို့ရယ်

သမီးတော်ကို လွှတ်လိုက်ပါဦး

ဇာနည်ကြက်မ သူတွန်လျှင်

ဇမ္ဗူတခွင် လင်းလို့ မဆုံး။

No comments: