သတ်ရဲသူ သတ်လော့

ဝဋ်ကြွေးရှိရင် သေလိမ့်မယ်.....

ကြွေးဟောင်းရှိရင်ကျေလိမ့်မယ်.....

အမှန်တရားအတွက် စွန့်ခဲ့မယ်.....

ငါ့အသက်.....

ငါ့ခန္ဓာ....

ငါ့အသွေး.....

ငါ့အရိုးများက...

တောင်းဆိုထားခဲ့မယ်....

ငါပေးခဲ့တဲ့အသက် မျှတခြင်းအတွက်

ငါလှူခဲ့တဲ့အသွေး လူ့အခွင့်အရေးအတွက်

ငါစွန့်ခဲ့တဲ့အသား နောက်သားတွေအတွက်

ပေးခဲ့တဲ့အသက်၊ လှူခဲ့တဲ့အသွေး၊ စွန့်ခဲ့တဲ့အသား

ကြွေးသစ်ငါချထားခဲ့တယ်....

ငါချန်ခဲ့တဲ့အရိုး ကြွေးဖိုးတောင်းဆိုကြလိမ့်မယ်။

စွန့်ခဲ့သူ။

(မြန်မာပြည်မှ ရရှိခဲ့သော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းဓာတ်ပုံ- မိုးဇက်)

1 comment:

ရန်ကင်း said...

ကောင်းလိုက်တဲ့ကဗျာ။ကျွန်တော်မသွားပြီဗျို့ ။