Wednesday

ထူးခြားတဲ့ ဗုဒ္ဓဟူး

ထိုင်းလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအရ ဗုဒ္ဓဟူးနေ့မှာ ဆံပင်ညှပ်ရင် ကိုယ့်ဆီကို ပြဿနာတွေ ဖိတ်ခေါ်တာနဲ့ တူတယ်တဲ့။ ဗမာတို့ရဲ့ ထုံးစံမှာတော့ ``မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံသ မပြုရ´´ဆိုပြီး စာချိုးလေးနဲ့ ရှိတယ်။ ဘယ်လို ဆက်စပ်သလဲတော့ မသိဘူး။

ဗမာတွေလိုဘဲ ဗုဒ္ဓဟူးနေ့ကို နှစ်ပိုင်းပိုင်းထားတယ်။ သပိတ်ကို လက်နှစ်ဖက်နဲ့ ပိုက်ထားတဲ့ မတ်ရပ်တော် ဗုဒ္ဓရုပ်ပွားက မနက်ပိုင်းကို ကိုယ်စားပြုပြီး၊ ညနေပိုင်း ဗုဒ္ဓရုပ်ပွားက မျောက်တစ်ကောင်ဆီက ပျားသလပ်နဲ့ ဆင်တစ်ကောင်ဆီက ရေအလှူကို လက်ခံနေတဲ့ ဟန်ကို ကိုယ်စားပြုပါတယ်။ ဗမာမှာတော့ ဗုဒ္ဓဟူးနဲ့ ရာဟုကို ဂြိုဟ်တိုင် အဖြစ် ဆင်နှစ်ကောင်နဲ့ ခွဲခြား သက်မှတ်ပါတယ်။

အခု အဲဒီထူးခြားတဲ့ ဗုဒ္ဓဟူးနေ့ကို အနုပညာတင်ပြမှု တစ်ခုအဖြစ် ပြုလုပ်ပါမယ်။ မည်သူမဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုလာမဲ့ ဗုဒ္ဓဟူးနေ့က စပြီး ဗုဒ္ဓဟူးနေ့တိုင်း လာမဲ့ မတ်လ (၂၆) ရက်နေ့အထိ ဓါတ်ပုံတွေရိုက်ပြီး အောက်မှာ ပါတဲ့ လိပ်စာကို ပို့ပေးနိုင်ပါတယ်။ လူအများပါဝင်နိုင်တဲ့ ထူးခြားတဲ့ ဗုဒ္ဓဟူးနေ့တင်ဆက်မှုအတွက် ပို့လာတဲ့ ဓါတ်ပုံတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မီနီမယ် ဂယ်လယ်ရီမှာ မတ်လ ၂၆ ရက်က၊ ၃၀ ရက်အထိ ပြသမှာ ဖြစ်ပါတယ်။

ဓါတ်ပုံတွေ ပို့လိုတယ်ဆိုရင် အဲဒီဓါတ်ပုံတွေကို ဘယ်အချိန်မှာ ရိုက်ကူးခဲ့တာလည်း ဆိုတာကို ဖော်ပြပေးရပါမယ်။ ကိုယ့်ရဲ့ အမည်၊ ဆက်သွယ်ရမယ့် လိပ်စာတွေကတော့ မိမိဆန္ဒအရ ပေးနိုင်ပါတယ်။

ဓါတ်ပုံများကို မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး ယခုလိပ်စာသို့

wednesdayproject@gmail.com ပေးပို့နိုင်ပါသည်။

အခုပေးထားတဲ့ အင်တာနက်စာမျက်နှာ http://www.reart.net/ မှာလည်း အသေးစိပ် အချက်အလက်တွေကို သွားကြည့်နိုင်ပါတယ်။

ကဲဒါဆို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ဆုံကြရအောင်။

"WEDNESDAY PROJECT" Designed by Jun'ichiro ISHII. http://www.reart.net/ +66 (0)87 789 6923 Supported by ComPeung Village of Creativity, http://www.compeung.org / +66 (0)87 694 8483

Exhibition 26 – 30 March 2008 @ Minimal Gallery, Closing Party @ 29 March 2008, 8 pm - midnight

http://minimalgallery.org Minimal Gallery, Nimmanhemin 13, Chiang Mai

ComPeung www.compeung.org compeung@yahoo.com Tel: +66 (0) 87 694 8483 PO Box 27 Doi Saket Post Office, Chiang Mai, Thailand 50220

1 comment:

အဉ္ဇလီ said...

ဓာတ်ပုံ ပြပွဲကို အရမ်း စိတ်ဝင်စားမိတယ် ဖြစ်နိုင်ရင်တော့ ပါဝင်ချင်ပါတယ်