The Burmese Way to Democracy

ဒီလမ်းပြမြေပုံက ...

ဒီလိုနဲ့ ပွဲသိမ်းကြရမှာလား။ မဟုတ်ပါ။ ဒါဆို ...

အမြင်သစ် သတင်းစာ (၂၀၀၃၊ စက်တင်ဘာ)

The Cloud

တိမ် The Cloud

Rendering from Jackson Pollock

ဂျက်ဆင်ပူးလော့ကို ထပ်မံခံစားခြင်း Rendering from Jackson Pollock

Snapshot

ကျနော် ဓါတ်ပုံဆရာ တစ်ယောက် မဟုတ်ပါ။ ကျနော် ဓါတ်ပုံရိုက်ရတာကို ၀ါသနာပါတယ်။ နောက် ပြင်ဆင်ပြီး ရိုက်ရတာထက် စာရင် ဖြတ်ခနဲ ခေါင်းထဲကို ၀င်လာတဲ့ အရာကို၊ မျက်လုံးထဲကို ၀င်လာတဲ့အကြောင်းအရာကို ချက်ချင်း ရိုက်ယူလိုက်တယ်။ ပြီးရင် ပြန်ကြည့်တိုင်း ပြန်ကြည့်တိုင်း၊ အနည်းဆုံး စိတ်အပမ်းပြေတယ်၊ အတွေးအခေါ်သစ်တွေ ရတယ်။ အခု ကျနော် ရိုက်ထားတဲ့ ပုံက သာမန် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးနဲ့ ရိုက်ထားတဲ့ ပုံတွေပါ။ I am not a photographer. But I love to take the photo. I just want to record anything catch in my mind or eyes. I don't like to prepare to shoot or prepare to think what subject. When I look my snapshots, there I get back enjoyment and new inspiration every time. Photos I show here was took by a simple digital camera. Evening Shadow (အရိပ်-ညနေခင်း) Shadow

The 81st Anniversary of University of Rangoon (2001)

ရန်ကုန်တက္ကသိုလ် နှစ် (၈၁) ပြည့်အထိမ်းအမှတ် တီရှပ်အတွက် ဆွဲပေးခဲ့တာ။ မူလရေးဆွဲသူက ပြည်တွင်းက ဖြစ်ပြီး သူ့ရဲ့စဉ်းစားချက်ဖြစ်ပါတယ်။ ကျနော်က ပြန်ကူးဆွဲရုံဆွဲတာပါ။ ဘွဲ့နှင်းသဘင် ခန်းမကြီး မိုးထဲလေထဲ ဖြတ်သန်းနေတယ်။

This painting was originally drawn by an unknown artist from Burma. The idea and concept is his/her own. I was just drawn for reproduction in 2001. It is print on T-shirt. The Convocation Hall (one of the landmark in Rangoon University Campus) is under the heavy storm and flood.

81st Anniversary

My Creation - Banner

ကျနော်လုပ်ခဲ့တဲ့ နဖူးစည်းများ ၂၀၀၇ 2007 Banner APPPB Banner May Nyane Banner MrB Banner NMG Banner ၂၀၀၄ The Muslim Voice (Burma)

Wednesday

ထူးခြားတဲ့ ဗုဒ္ဓဟူး

ထိုင်းလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအရ ဗုဒ္ဓဟူးနေ့မှာ ဆံပင်ညှပ်ရင် ကိုယ့်ဆီကို ပြဿနာတွေ ဖိတ်ခေါ်တာနဲ့ တူတယ်တဲ့။ ဗမာတို့ရဲ့ ထုံးစံမှာတော့ ``မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံသ မပြုရ´´ဆိုပြီး စာချိုးလေးနဲ့ ရှိတယ်။ ဘယ်လို ဆက်စပ်သလဲတော့ မသိဘူး။

ဗမာတွေလိုဘဲ ဗုဒ္ဓဟူးနေ့ကို နှစ်ပိုင်းပိုင်းထားတယ်။ သပိတ်ကို လက်နှစ်ဖက်နဲ့ ပိုက်ထားတဲ့ မတ်ရပ်တော် ဗုဒ္ဓရုပ်ပွားက မနက်ပိုင်းကို ကိုယ်စားပြုပြီး၊ ညနေပိုင်း ဗုဒ္ဓရုပ်ပွားက မျောက်တစ်ကောင်ဆီက ပျားသလပ်နဲ့ ဆင်တစ်ကောင်ဆီက ရေအလှူကို လက်ခံနေတဲ့ ဟန်ကို ကိုယ်စားပြုပါတယ်။ ဗမာမှာတော့ ဗုဒ္ဓဟူးနဲ့ ရာဟုကို ဂြိုဟ်တိုင် အဖြစ် ဆင်နှစ်ကောင်နဲ့ ခွဲခြား သက်မှတ်ပါတယ်။

အခု အဲဒီထူးခြားတဲ့ ဗုဒ္ဓဟူးနေ့ကို အနုပညာတင်ပြမှု တစ်ခုအဖြစ် ပြုလုပ်ပါမယ်။ မည်သူမဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုလာမဲ့ ဗုဒ္ဓဟူးနေ့က စပြီး ဗုဒ္ဓဟူးနေ့တိုင်း လာမဲ့ မတ်လ (၂၆) ရက်နေ့အထိ ဓါတ်ပုံတွေရိုက်ပြီး အောက်မှာ ပါတဲ့ လိပ်စာကို ပို့ပေးနိုင်ပါတယ်။ လူအများပါဝင်နိုင်တဲ့ ထူးခြားတဲ့ ဗုဒ္ဓဟူးနေ့တင်ဆက်မှုအတွက် ပို့လာတဲ့ ဓါတ်ပုံတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မီနီမယ် ဂယ်လယ်ရီမှာ မတ်လ ၂၆ ရက်က၊ ၃၀ ရက်အထိ ပြသမှာ ဖြစ်ပါတယ်။

ဓါတ်ပုံတွေ ပို့လိုတယ်ဆိုရင် အဲဒီဓါတ်ပုံတွေကို ဘယ်အချိန်မှာ ရိုက်ကူးခဲ့တာလည်း ဆိုတာကို ဖော်ပြပေးရပါမယ်။ ကိုယ့်ရဲ့ အမည်၊ ဆက်သွယ်ရမယ့် လိပ်စာတွေကတော့ မိမိဆန္ဒအရ ပေးနိုင်ပါတယ်။

ဓါတ်ပုံများကို မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး ယခုလိပ်စာသို့

wednesdayproject@gmail.com ပေးပို့နိုင်ပါသည်။

အခုပေးထားတဲ့ အင်တာနက်စာမျက်နှာ http://www.reart.net/ မှာလည်း အသေးစိပ် အချက်အလက်တွေကို သွားကြည့်နိုင်ပါတယ်။

ကဲဒါဆို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ဆုံကြရအောင်။

"WEDNESDAY PROJECT" Designed by Jun'ichiro ISHII. http://www.reart.net/ +66 (0)87 789 6923 Supported by ComPeung Village of Creativity, http://www.compeung.org / +66 (0)87 694 8483

Exhibition 26 – 30 March 2008 @ Minimal Gallery, Closing Party @ 29 March 2008, 8 pm - midnight

http://minimalgallery.org Minimal Gallery, Nimmanhemin 13, Chiang Mai

ComPeung www.compeung.org compeung@yahoo.com Tel: +66 (0) 87 694 8483 PO Box 27 Doi Saket Post Office, Chiang Mai, Thailand 50220

A Great Loss for the Country

Phado Man Sha

တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခု

ဖထီးမန်းရှာ ဒီနေ့ အလုပ်ကြံခံရလို့ ကွယ်လွန်သွားတယ်။ ဘယ်သူလက်ချက် ဆိုတာ အတိအကျ မသိရသေးပေမယ့် ဖထီး ကျဆုံးမှုဟာ ကျနော်တို့ တိုင်းပြည်အတွက်၊ ကရင့်တမျိုးသားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်သူ တစ်ယောက်၊ သူ့ဘ၀တစ်လျှောက်လုံး ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီအရေးအတွက် မြုပ်နှံလုပ်ဆောင်ခဲ့သူ တစ်ယောက် ဆုံးရှုံးရတာပါ။

ဖထီး ခင်ဗျား ... ...

စစ်အစိုးရအောက်မှ အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူအားလုံး အမြန်ဆုံး လွတ်မြောက်စေဖို့၊

စစ်အာဏာရှင်စနစ် ကျနော်တို့နိုင်ငံမှာ လုံးဝချုပ်ငြိမ်း ပပျောက်သွားစေဖို့၊

ပြည်တွင်းစစ် ကင်းဝေးစေဖို့အတွက် ကျနော် အလေးအနက် သံန္နိဋ္ဌာန်ပြုအပ်ပါတယ်။

ကျော်ဝင်း

To Ko Nay Phone Latt

ကိုနေဘုန်းလတ်သို့ ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။ မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။ ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆ

ိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။ ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

for Year 2008

for Year 2008

for Union Day and Bogyoke Birthday

Our Hero: Ko Aung San - 1938-39
သည့်နေ့က (၆၁) နှစ်ပြည့် ပြည်ထောင်စု နေ့၊ သမိုင်းတွင်တဲ့ နေ့တနေ့။ ဒါပေမဲ့ ပြည်ထောင်စု ဆိုတဲ့ အရသာ ကောင်း မကောင်း မသိရ၊ အဆိုးတွေ နှင့်သာ ရင်ဆိုင် ရသည်။ မနက်ဖြန် မြန်မာနိုင်ငံ ကလေးများနေ့၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ (၉၃) နှစ်မြောက် မွေးနေ့။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ ကျောင်းသား ခေါင်းဆောင် ဘ၀က ပြောခဲ့တဲ့ စကားတချို့ အမှတ်တရ ဖြစ်အောင် ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။ +++++ ခေတ်ကလည်း ပြောင်းလာ၏၊ ပြဿနာကလည်း ပြောင်းလာ၏။ ငါတို့ကား မပြောင်းသေးပေ။ အမြင်အားဖြင့် လျှပ်စစ်ဓါတ်၊ မီးရထား၊ လေယာဉ်ပျံ၊ မော်တော်ကားတို့ဖြင့် တိုးတက်သော ခေတ်သစ်ဖြစ်ပေ၏။ သို့ရာတွင် ငါတို့ကား လှေ၊ လှည်း၊ ဗုံ၊ မောင်း တို့ဖြင့် ဆွေးနေသော ရှေးခေတ်ဟောင်းကို မပစ်လိုကြသေးပေ။ ဤအချင်းအရာက ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း ရှိသေး၏။ ဗမာပြည်တွင်ကား အ၀ှမ်းများစွာရှိ၏။ ရှေးဟောင်းအသံ၊ ရှေးဟောင်းဝါဒတို့ကား ယခုတိုင်ရှိသေး၏။ အင်မတန် တိမ်သော အမျိုးဘာသာသာသနာ ဟူသော စကားတို့ကို ယခုတိုင်ငါတို့ သုံးလျက် ရှိသေး၏။ ကျောင်းသားဆိုလျှင် စာဖတ်ပြီးလျှင် စာမေးပွဲအောင်ရုံသာ ထင်လျက် ရှိကြသေး၏။ ဤထက်မှားအပ်သော အယူဝါဒက မရှိတော့မည်။ +++++ သပိတ်မှောက်သည် ဆိုသည်မှာ ကလေးကစားစရာ မဟုတ်၊ ကျွန်ုပ်သဘောတူ၏။ သို့သော် မိမိကိုယ်ကို ကာကွယ်ရန် လူသတ်မှုပင် လွတ်နိုင်သည်ဟု ဥပဒေက ဆိုထားပါလျက် ငါတို့၏ လိုလားချက် နစ်နာချက်များအား တရားနည်းလမ်းရှိသမျှ လိုက်၍ မရလျှင် သပိတ်အဘယ်ကြောင့် မမှောက်ထိုက်အံ့နည်း။ မှောက်ထိုက်သည်သာ။ +++++ ယခင်အခါများထက် ငါတို့ အမျိုးသမီးများသည် ပိုမို၍ ဖျတ်ဖျတ်လပ်လပ် အမြင်ကျယ်ကျယ် အမျိုးသားလုပ်ငန်းကို လုပ်သင့်လှပြီ။ ကျွန်ုပ်ကား ရှေးအယူသန်သူ မဟုတ်၊ မိန်းမဆိုလျှင် လင်ယောက်ျား၏ ကျွန်ပမာထင်သော စိတ်ယုတ်၊ စိတ်ညံ့ကို မတိုက်တွန်း မကြိုက်နှစ်သက်။ (တတိယအကြိမ် ဗကသ ပုသိမ်ကွန်ဖရင့်တွင် ဥက္ကဋ္ဌ ကိုအောင်ဆန်း ပြောကြားသော အဖွင့်မိန့်ခွန်းမှ၊ ကိုအောင်ထွန်း - မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း - စာ-၁၂၈-၁၃၈)

Future Burmese Coin 1

Future Coin
တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်အတွက် ရည်စူးပြီး လုပ်ထားတဲ့ အကြွေစေ့လေးပါ။ အနည်းဆုံး ပိုက်ဆံ (၅) ပြားကနေ စလုပ်ထားတာ တန်ဖိုးနည်းအောင်လို့ မဟုတ်ပါ။ တိုင်းပြည်သူ ပြည်သားများ ငွေကြေး တည်တည် ငြိမ်ငြိမ်နဲ့ အဖိုး (၅) ပြား ကတောင် အသုံးဝင်တယ် ဆိုတဲ့ သဘောပါ။ ဒီမိုကရက်တစ် တိုင်းရင်းသားများ ဆိုတာကလည်း ရှေ့မှာ တိုင်းပြည်ကို ဘယ်ပုံ အမည်ပေးကြမယ် ဆိုတာ မသိသေးတဲ့ အတွက်၊ ပညာရှင်များနဲ့ အများပြည်သူအားလုံး သဘောသာ ဖြစ်တာကြောင့် အခုလို အမည်ပေးကြည့်တာပါ။ နောက်ထပ် အကြွေစေ့များ လုပ်လိုရင် ကျနော့် ဆီကို ပြောနိုင်သလို မူရင်းဖိုင်ကို တောင်းခံ နိုင်ကြောင်းပါ။ အောက်မှာပါတဲ့ လိပ်စာတွေကနေ ဘယ်လို လုပ်သလဲဆိုတာ ကိုယ်ဖာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။ http://tutorials20.com/graphics/image-on-a-coin/ http://www.rnel.net/tutorial/Photoshop/2759