skip to main |
skip to sidebar
သည့်နေ့က (၆၁) နှစ်ပြည့် ပြည်ထောင်စု နေ့၊ သမိုင်းတွင်တဲ့ နေ့တနေ့။ ဒါပေမဲ့ ပြည်ထောင်စု ဆိုတဲ့ အရသာ ကောင်း မကောင်း မသိရ၊ အဆိုးတွေ နှင့်သာ ရင်ဆိုင် ရသည်။ မနက်ဖြန် မြန်မာနိုင်ငံ ကလေးများနေ့၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ (၉၃) နှစ်မြောက် မွေးနေ့။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ ကျောင်းသား ခေါင်းဆောင် ဘ၀က ပြောခဲ့တဲ့ စကားတချို့ အမှတ်တရ ဖြစ်အောင် ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။
+++++
ခေတ်ကလည်း ပြောင်းလာ၏၊ ပြဿနာကလည်း ပြောင်းလာ၏။ ငါတို့ကား မပြောင်းသေးပေ။ အမြင်အားဖြင့် လျှပ်စစ်ဓါတ်၊ မီးရထား၊ လေယာဉ်ပျံ၊ မော်တော်ကားတို့ဖြင့် တိုးတက်သော ခေတ်သစ်ဖြစ်ပေ၏။ သို့ရာတွင် ငါတို့ကား လှေ၊ လှည်း၊ ဗုံ၊ မောင်း တို့ဖြင့် ဆွေးနေသော ရှေးခေတ်ဟောင်းကို မပစ်လိုကြသေးပေ။ ဤအချင်းအရာက ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း ရှိသေး၏။ ဗမာပြည်တွင်ကား အ၀ှမ်းများစွာရှိ၏။ ရှေးဟောင်းအသံ၊ ရှေးဟောင်းဝါဒတို့ကား ယခုတိုင်ရှိသေး၏။ အင်မတန် တိမ်သော အမျိုးဘာသာသာသနာ ဟူသော စကားတို့ကို ယခုတိုင်ငါတို့ သုံးလျက် ရှိသေး၏။ ကျောင်းသားဆိုလျှင် စာဖတ်ပြီးလျှင် စာမေးပွဲအောင်ရုံသာ ထင်လျက် ရှိကြသေး၏။ ဤထက်မှားအပ်သော အယူဝါဒက မရှိတော့မည်။
+++++
သပိတ်မှောက်သည် ဆိုသည်မှာ ကလေးကစားစရာ မဟုတ်၊ ကျွန်ုပ်သဘောတူ၏။ သို့သော် မိမိကိုယ်ကို ကာကွယ်ရန် လူသတ်မှုပင် လွတ်နိုင်သည်ဟု ဥပဒေက ဆိုထားပါလျက် ငါတို့၏ လိုလားချက် နစ်နာချက်များအား တရားနည်းလမ်းရှိသမျှ လိုက်၍ မရလျှင် သပိတ်အဘယ်ကြောင့် မမှောက်ထိုက်အံ့နည်း။ မှောက်ထိုက်သည်သာ။
+++++
ယခင်အခါများထက် ငါတို့ အမျိုးသမီးများသည် ပိုမို၍ ဖျတ်ဖျတ်လပ်လပ် အမြင်ကျယ်ကျယ် အမျိုးသားလုပ်ငန်းကို လုပ်သင့်လှပြီ။ ကျွန်ုပ်ကား ရှေးအယူသန်သူ မဟုတ်၊ မိန်းမဆိုလျှင် လင်ယောက်ျား၏ ကျွန်ပမာထင်သော စိတ်ယုတ်၊ စိတ်ညံ့ကို မတိုက်တွန်း မကြိုက်နှစ်သက်။
(တတိယအကြိမ် ဗကသ ပုသိမ်ကွန်ဖရင့်တွင် ဥက္ကဋ္ဌ ကိုအောင်ဆန်း ပြောကြားသော အဖွင့်မိန့်ခွန်းမှ၊ ကိုအောင်ထွန်း - မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း - စာ-၁၂၈-၁၃၈)
တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်အတွက် ရည်စူးပြီး လုပ်ထားတဲ့ အကြွေစေ့လေးပါ။ အနည်းဆုံး ပိုက်ဆံ (၅) ပြားကနေ စလုပ်ထားတာ တန်ဖိုးနည်းအောင်လို့ မဟုတ်ပါ။ တိုင်းပြည်သူ ပြည်သားများ ငွေကြေး တည်တည် ငြိမ်ငြိမ်နဲ့ အဖိုး (၅) ပြား ကတောင် အသုံးဝင်တယ် ဆိုတဲ့ သဘောပါ။ ဒီမိုကရက်တစ် တိုင်းရင်းသားများ ဆိုတာကလည်း ရှေ့မှာ တိုင်းပြည်ကို ဘယ်ပုံ အမည်ပေးကြမယ် ဆိုတာ မသိသေးတဲ့ အတွက်၊ ပညာရှင်များနဲ့ အများပြည်သူအားလုံး သဘောသာ ဖြစ်တာကြောင့် အခုလို အမည်ပေးကြည့်တာပါ။ နောက်ထပ် အကြွေစေ့များ လုပ်လိုရင် ကျနော့် ဆီကို ပြောနိုင်သလို မူရင်းဖိုင်ကို တောင်းခံ နိုင်ကြောင်းပါ။ အောက်မှာပါတဲ့ လိပ်စာတွေကနေ ဘယ်လို လုပ်သလဲဆိုတာ ကိုယ်ဖာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။
http://tutorials20.com/graphics/image-on-a-coin/
http://www.rnel.net/tutorial/Photoshop/2759