Troubleshooting A B C D - 1

ဒီ `ဒ´ ဒွေးကြောင့် မီး စိတ်ညစ်တယ်

အကိုရေ ကျနော် `´နဲ့ `´ ရိုက်ရင် အစက်တွေဘဲပေါ်တယ်။ နောက် စာရိုက်ပြီး Space Bar ရိုက်ရင် ရှေ့ကစာလုံး သူဖာသာပြောင်း ပြောင်းသွားတယ်။ ဒါကို ဖုန်းနဲ့ပြောရတာ အကြိမ်ကြိမ်၊ အချို့ဆို ကိုမေတ္တာ စကားဖြင့် တခါပြော မထိ၊ နှစ်ခါပြောမထိ အကြိမ်ကြိမ်မေးလာသည်။ ဒီနေ့လည်း အဲဒီဖုန်းတစ်ခု ၀င်လာသည်။ ဒီတော့ မီးစိတ်ညစ်ရသည်ပေါ့။

ကဲ ဒီပြဿနာ ဒီလိုနေလို့မရ ရေးမှ ရတော့မည်။ အချို့သူတွေလည်း သိပြီးသားဖြစ်မည်။ ဇော်ဂျီဖွန့်မှာတော့ အဲဒီပြဿနာ မရှိ။ ကျနော်တို့ လက်ရှိသုံးနေကြသော True Type - Win Fonts များကို သုံးလျှင် ယခုပြဿနာ ရှိပါသည်။

ကျနော်တို့ မြန်မာဖွန့်များ Unicode System တစ်ခု Standard မရှိသရွေ့ ကြုံရအုံးမည်။ သာမန်ရုံးစာနှင့် ပုံနှိပ်ထုတ်ဝေရန် အတွက် ဖွန့်ဒီဇိုင်းမျိုးစုံကို Word Processing ပရိုဂရမ် (Microsoft Word) နဲ့ Layout Design လုပ်နိုင်တဲ့ (PageMaker, InDesign) တို့မှာ သည်ပြဿနာ ရှိနေပါမည်။

ကျနော့်ကို ဖုန်းခေါ်သူများကို နောက်တစ်ကြိမ် ဖုန်းခေါ်လာလျှင် သည်မှာကြည့်ပါဗျို့လို့ အော်ပြောလိုက်တော့မည်။

Microsoft Word မှာ-

Tools> AutoFormat As You Type နှင့် AutoFormat Tab နှစ်ခုအောက်တွင် "Straight Quote" with "Smart Quote" ကို သွားဖြုတ်ပေးပါ။

အစစာကြောင်း ရိုက်ပြီး Space Bar နှိပ်လိုက်သည်နှင့် စာလုံးများ ပြောင်းသွားသည်ကိုလည်း Dialog Box ရှိ Auto Correct Tab အောက်တွင် ရှိသော Capitalize First Letter of Sentence က Check Boxကို ဖြုတ်ပေးလိုက်ပါ။

တက်နိုင်လျှင် မြန်မာစာကို ရိုက်မည်ဆိုလျှင် ၄င်း Auto Correct နှင့် Auto Format အောက်ရှိ Optionsများ ဖြုတ်၍ သုံးကြပါ။

PageMaker မှာ-

File> Preferences> General မှ More ဆိုသော ခလုပ်ကို ရှာပါ။ ပြီးရင် Use Typographer's Quotes ဆိုတဲ့ Check Box ကိုဖြုတ်ပါ။ `´ `´ များအားလုံး ပြန်ရိုက်ရပါမည်။ Auto မပြောင်းပါ။ ပြန်ရိုက်

InDesign တွင်-

Edit> Preferences> Type မှာ Use Typographer's Quotes ဆိုတဲ့ Check Box ကိုဖြုတ်ပါ။

ကဲဒါဆိုရင် နောက်တစ်ခါဆို မီးပြောလိုက်မယ် `´ အစား အင်္ဂလိပ် ဂဏန်း နံပါတ် "3" ကိုသာ သုံးကြပါ။ အဲဟုတ်ပါဘူး မီးစိတ်ညစ်တယ်။

No comments: