skip to main |
skip to sidebar
တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်အတွက် ရည်စူးပြီး လုပ်ထားတဲ့ အကြွေစေ့လေးပါ။ အနည်းဆုံး ပိုက်ဆံ (၅) ပြားကနေ စလုပ်ထားတာ တန်ဖိုးနည်းအောင်လို့ မဟုတ်ပါ။ တိုင်းပြည်သူ ပြည်သားများ ငွေကြေး တည်တည် ငြိမ်ငြိမ်နဲ့ အဖိုး (၅) ပြား ကတောင် အသုံးဝင်တယ် ဆိုတဲ့ သဘောပါ။ ဒီမိုကရက်တစ် တိုင်းရင်းသားများ ဆိုတာကလည်း ရှေ့မှာ တိုင်းပြည်ကို ဘယ်ပုံ အမည်ပေးကြမယ် ဆိုတာ မသိသေးတဲ့ အတွက်၊ ပညာရှင်များနဲ့ အများပြည်သူအားလုံး သဘောသာ ဖြစ်တာကြောင့် အခုလို အမည်ပေးကြည့်တာပါ။ နောက်ထပ် အကြွေစေ့များ လုပ်လိုရင် ကျနော့် ဆီကို ပြောနိုင်သလို မူရင်းဖိုင်ကို တောင်းခံ နိုင်ကြောင်းပါ။ အောက်မှာပါတဲ့ လိပ်စာတွေကနေ ဘယ်လို လုပ်သလဲဆိုတာ ကိုယ်ဖာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။
http://tutorials20.com/graphics/image-on-a-coin/
http://www.rnel.net/tutorial/Photoshop/2759
No comments:
Post a Comment