သီတင်းကျွတ်မှာ ပျော်ကြမယ်

ဒီကာတွန်းလေးကတော့ လွန်ခဲ့တဲ့ ၈ နှစ်က ဆွဲထားတဲ့လက်ရာဟောင်းလေးပါ။ ကာတွန်းထဲက ဇာတ်ကောင်လေးတွေဖြစ်တဲ့ တူမလေး၊ တူလေးတွေ ဖတ်ဖို့ သက်သက်ပဲ ရည်ရွယ်ပြီး ဆွဲခဲ့တာပါ။ အဲဒီတုန်းကနှင်းပွင့် ဇာတ်ကောင်တူမလေး က ဇာတ်သိမ်းကြီး ကိုမကြိုက်ဘူး ပြင်ပေးလို့ပြောခဲ့တာ အမှတ်ရမိပါသေးတယ်။ ဒီ ကာတွန်းလေးကို သီတင်းကျွတ်မီးထွန်းပွဲတော်အမှီ တင်ဖို့ ကြိုးစားပြီး မတိုင်ခင် တစ်လလောက်တည်းက ပြန်လည်ဆန်းသစ် ရေးဆွဲခဲ့ပါတယ်။ အချိန်လုပြီး ရေးဆွဲခဲ့ရတဲ့ အခြေအနေတွေကြောင့် သီတင်းကျွတ်ကိုတော့ကျော်သွားပါပြီ။ ဒါပေမဲ့ နောင်နှစ်သီတင်းကျွတ်များစွာနဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ပြန်လည်တင်ပြလိုက်ပါတယ်။ ကျမရဲ့ ချစ်လှစွာသော တူလေး တူမလေးများစွာနဲ့တကွ မြန်မာပြည်တွင်း ပြည်ပက မြန်မာတိုင်းရင်းသားကလေးတွေ အားလုံး လွတ်လပ်ပျော်ရွှင်ကြပါစေ။

No comments: